FIGHT FOR DEMOCRACY
မြန်မာပြည်ကို.. ယုတ်ညံ့ပက်စက်ရိုင်းစိုင်းတဲ့ မိစ္ဆာစစ်အာဏာရူး သူခိုးဓားပြ တွေရဲ့ မတရားအုပ်စိုးမှုကလွတ်မြောက်ပြီး လူယဉ်ကျေးတွေပြုစုပျိုးထောင်တဲ့ အဆင့်အတန်းမြင့်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် အားလုံး ညီညီညာညာ အကြောက်တရားဖယ်ရှားပြီး တိုက်ပွဲဝင်ကြပါစို့...
Talks by U Myint Aye, HRDP Burma
U Myint Aye talked about HRDP, Human Rights Defenders and Promoters, Burma's only one organization that propagates basic human rights and educates people of Burma to realize to protact their rights not to be violated in any means according to Geneva Convention of United Nations. HRDP is promoting awareness of human rights for people inside Burma and it is struggling hard under the suppression by Burmese military regime which has been violating human rights along its ruling period in the country. To listen his talks made of his experience passing through prison cells, detension centres, investiagion under Junta's military intelligence, special police and hard travelling around the country, please click Play buttons of imeem audio player below the text. To learn more about HRDP, please visit web site http://en.wikipedia.org/wiki/Human_Rights_Defenders_and_Promoters http://en.wikipedia.org/wiki/Politics_of_Burma
မြန်မာနိုင်ငံ တွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး နှင့် မြှင့်တင်ရေးကို ဆောင်ရွက်သည့်
တခုတည်းသော သာမန်အရပ်သား အင်အားစု ဖြစ်သော လူ့အခွင့်အရေး
ကာကွယ်မြှင့်တင်သူများ HRDP, Human Rights Defenders and Promoters အဖွဲ့ကို ဦးဆောင် လှုပ်ရှားသူ ဦးမြင့်အေးက မိမိတို့ အဖွဲ့၏ စတင်ခဲ့ပုံ၊ ဆောင်ရွက်နေသော လုပ်ငန်း၊
ဖြတ်သန်းနေရသော ခရီး နှင့် ရည်ရွယ်ချက်အကြောင်းကို ရှင်းပြခဲ့ပါသည်။
အဓမ္မ၀ါဒီ စစ်အာဏာရှင်တို့အတွက် ပြည်သူတို့အား မိမိ၏ အခြေခံ လူ့အခွင့် အရေးကို
ကာကွယ်စောင့်ရှောက် ရမှန်း သိစေခြင်းမှာ ကြီးစွာသော ရန်စူးရန်ညှောင့် ဖြစ်သဖြင့် HRDP သည် စစ်အာဏာရှင်၏ ပစ်မှတ်တခု ဖြစ်နေရပေသည်။ သို့သော် မြန်မာနိုင်ငံအား
ကမ္ဘာပေါ်ရှိ အေးချမ်းသာယာသော လူ့အဖွဲ့အစည်းများ နည်းတူ ယဉ်ကျေး၍
ဂုဏ်သိက္ခာရှိသည့် နိုင်ငံတခု ဖြစ်စေလိုသော HRDP သည် စစ်အာဏာရှင်၏ ရက်စက် ဖိနှိပ်
မှုများကို ရင်ဆိုင်လျက် အမျိုးသားရေးတာဝန်ကို အခြားသော ပြည်တွင်းရှိ တရားမျှတမှု၊
ပြည်သူတို့ဘ၀ အေးချမ်းသာယာမှု၊ လွတ်လပ်မှု၊ တရားဥပဒေစိုးမိုးမှု တို့အတွက် မိမိတို့
ဘ၀များကို ပေးဆပ်၍ ရရှိရန် ကြိုးပမ်းနေကြသော ညီအကို မောင်နှမ အဖွဲ့အစည်းများ နှင့်
တသားတည်းရပ်တည်ကာ တစိုက်မတ်မတ် ဆောင်ရွက်နေပါသည်။
ဤ အတောအတွင်းမှာပင် စစ်အာဏာရှင်တို့သည် HRDP အဖွဲ့ဝင်တို့အား ဟင်္သာတမြို့အနီး
အုတ်ပုံ ရွာတွင် ဒီပဲယင်း အကြမ်းဖက် သတ်ဖြတ်ပွဲ နည်းတူ တိုက်ခိုက်ခဲ့ပြီး အဓမ္မ၀ါဒီတို့
လုပ်နေကျ ထုံးစံအတိုင်း အနိုင်ကျင့်ခံရသူကိုပင် မတရား အမှုဆင်ကာ ထောင်တွင်း
ပို့ခဲ့ပါသည်။ မကြာသေးမီ ကလည်း ဦးမြင့်အေး အား စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်းအနီးတွင်
ညဘက်၌ ချောင်းမြောင်း ရိုက်နှက်ခဲ့ပေသေးသည်။
စင်စစ် တရားမျှတစွာလွတ်လပ်မှုကို တောင်းဆိုခြင်း၊ တရားမျှတသော တရားဥပဒေစိုးမိုးမှုကို
အလိုရှိခြင်း၊ လူသား တဦးချင်းစီ မိမိ၏ လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုခံရခြင်း၊
ကာကွယ်ခွင့်ရှိခြင်း စသည့် အခြေခံ လူ့အခွင့် အရေးကို ပိုင်ဆိုင်လိုခြင်း တို့သည်
လူ့အဖွဲ့အစည်းတခု၏ ကြီးလှစွာသောအရေး၊ နိုင်ငံ၏ အရေး ဖြစ်ပါသည်။ မိမိသည်
မည်သည့် လူ့အဖွဲ့အစည်းတွင် ရှိနေသည်ဖြစ်စေ၊ ဤ နိုင်ငံ့အရေးနှင့် ရှောင်လွှဲ၍ မရသည်ကို
မိမိ၏ ကြီးမားလှသော ပညာအရည်အချင်းထဲမှ ရာခိုင်နှုန်းအနည်းငယ်မျှကို သုံးရုံဖြင့်
သိနိုင်သည်ဆိုလျှင် နိုင်ငံရေးကို မိမိနေ့စဉ်ဘ၀ထဲမှာ ပါဝင်သွားမှာကြောက်သော စိတ်များ
လျော့ပါးသွားအောင် လုပ်ဆောင်နိုင်ပါလိမ့်မည်။
THIS IS THE LEADER
ဒေါ်အောင်ဆန်းစုကြည်အား NLD ၏ခေါင်းဆောင်ဟုသတ်မှတ်ရာတွင်...NLD ဆိုသည်မှာ
အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မဆလ စသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းတွင်
မတရားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းစေမှု၊ တရားဥပဒေကို
လွန်ကျူးမှုစသော ရိုင်းစိုင်းယုတ်ညံ့မှုတို့ကို မျိုးစေ့ချပေးခဲ့သည့် ခေတ်အဆက်ဆက်မှစ၍
လက်ရှိအာဏာရူး စစ်ဝါဒီ ဖက်ဆစ်မိစ္ဆာ တို့ ကြီးစိုးချယ်လှယ်နေသည့် နှစ်ပေါင်း
နှစ်ဆယ်အတွင်း မတရားမှုမှန်သမျှကိုဆန့်ကျင်၍ တရားမျှတသော
လူ့အဖွဲ့အစည်းပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ဆောင်ရွက်လိုသည့်
ပြည်သူများ၏ တရားဝင် အစုအဖွဲ့ဟု မှန်ကန်စွာသိမြင်နားလည်မှသာ
လျော်ကန်သင့်မြတ်ပေသည်။
NLD သည် ထုံးစံအရ မြင်သာသော ဗဟိုကော်မီတီ
အစရှိသည့် အနည်းစုကိုသာလျှင် ကိုယ်စားပြုသည် မဟုတ်ချေ။
ယေဘုယျကျစွာ ပြောရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ၏
ခေါင်းဆောင်မျှသာ မဟုတ်ချေ။ မြန်မာ့လူမှုအဖွဲ့အစည်း တစ်ရပ်လုံးအား တရားမျှတမှု၊
အခြေခံ လူ့အခွင့်အရေးပြည့်ဝမှု၊ တရားဥပဒေစိုးမိုးမှုတို့ဖြင့် အဆင့်အတန်းမြင့်မား
ယဉ်ကျေးသော မြန်မာ့လူ့ဘောင်ဖြစ်ထွန်းလာရေးကို တောင့်တလိုလားကြသော
ပြည်သူတို့၏ အကျိုးစီးပွားအတွက် ရဲရင့်ပြတ်သားစွာ စွန့်လွှတ်အနစ်နာခံဝံ့သည့်
ရှေ့ဆောင်လမ်းပြတစ်ဦးသာဖြစ်ပေသည်။ ...
When Daw Aung San Suu Kyi is identified as the leader of NLD, National League for Democracy party, that will be perfect and correct only when the meaning of NLD is appropriately known as a fair group of people who love to implement and undertake a human society of freedom, fairness and justice to prevail against dictatorship and despotism in Burma. People eagerly want that sort of human society since they have passed through nearly five decades of commiting crime against humanity, violating human rights, vandalizing democracy and justice and ruining the character of people of Burma done by Nay Win, who had established military dictatorship in 1958 and Burma Socialist Programme Party in 1964, and his followers of current despotic millitary men.
NLD does not represent only the group of central executive committee members and other members that is obviously and normally seen. If it is generally mentioned, Daw Aung San Suu Kyi is not only the leader of NLD but also the most leading guide and ideal person who sacrifices herself for the benefit of whole nation of Burma who willingly want to have freedom, fairness and justice established and prevailed in Burma's all of societies.
ခုချိန်တွင် နိုင်ငံရေးအကြောင်း မပြောချင်ဟု လူအများပြောကြ၏ ။
သို့သော် လူမဆန်စွာ နိုင်ငံတကာမှ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့လိုခြင်းကို ကန့်သတ်တားမြစ်ခြင်း ၊ မုန်တိုင်းဒုက္ခသည်များအတွက် နိုင်ငံတကာမှပေးပို့သော ပစ္စည်းများကို ကိုယ်ကျိုးအတွက် ပြန်လည်ရောင်းချခြင်း ၊ ကယ်ဆယ်ရေးလုပ်သားများ အဖွဲ့ အစည်းများကို အနှောင့်အယှက်ပေးခြင်း ၊ ငဲ့ညှာထောက်ထားခြင်းကင်းမဲ့စွာ ယာယီစခန်းများတွင် ခိုလှုံနေသော ဒုက္ခသည်များအား အတင်းမောင်းထုတ်ခြင်း စသည်တို့ ပြုလုပ်နေသူများကို ရပ်တန့်ရန် ဖယ်ရှားပစ်ရန် မည်သို့လုပ်ဆောင်ကြမည်နည်း ။
ခုချိန်တွင် မုန်တိုင်းဒုက္ခသည်တို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းများအတွက်သာ အဓိကထားလုပ်ဆောင်လိုသည်ဟု လူအများပြောကြ၏ ။သို့သော် စစ်အစိုးရနောက်လိုက်ဘက်တော်သားများ၏ ကန့်သတ်တားဆီးမှုများကို ကျော်ဖြတ်ရခြင်း ၊ မုန်တိုင်းကြောင့် ပျက်စီးယိုယွင်းသွားသော လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြား ကျွန်ုပ်တို့ အဘယ်မျှခရီးရောက်နိုင်မည်နည်း ။ ခရီးရောက်ရန် ကြိုးစားနေရင်းပင် နေ့ရက်တို့ ကုန်လွန်နေပြီ ၊ ကျွန်ုပ်တို့ ပြည်သူများ ၀မ်းနည်းပက်လက် ဒုက္ခပင်လယ်ဝေနေရပြီ ။
နိုင်ငံတကာမှကူညီမည့် ကယ်ဆယ်ရေးပစ္စည်း အများအပြားတင်ဆောင်နိုင်သည့် စစ်လေယာဉ်များ ၊ သဘောင်္များနှင့်စာလျှင် ကျွန်ုပ်တို့ ကူညီနိုင်စွမ်းသည် အမှန်တော့ ပဲစေ့တစေ့မျှလောက်သာ ကျွန်ုပ်တို့ ပြည်သူတို့၏ ဆာလောင်ငတ်မွတ်ဆင်းရဲခြင်းတို့အား တဒင်္ဂ ဖြေသိမ့်စရာဖြစ်သည် ။ခုချိန်မှာ လူအများ ကိုယ်တတ်နိုင်သလောက် လှူဒါန်းကူညီကြ၏ ။
သို့သော် စစ်အစိုးရကဲ့သို့ ငွေကို တောင်လိုပုံခါမရှိသော ကျွန်ုပ်တို့အတွက် ဘယ်အခြေအနေအထိ လှူဒါန်းနိုင်ပါမည်နည်း ။ နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံကို တို့ထိကစားသွားရုံမဟုတ်ခဲ့ ။ ပယ်ပယ်နယ်နယ် ညှင်းဆဲသွားခဲ့ခြင်းဖြစ်သည် ။ ကျွန်ုပ်တို့ ပြည်သူတို့၏ ဘ၀များပြန်လည်ထူထောင်နိုင်ရန် ရေရှည်စီမံကိန်းအကူအညီများ လပေါင်းများစွာ (သို့မဟုတ်) နှစ်ပေါင်းများစွာ လိုအပ်သည် ။ခုချိန်မှာ မီဒီယာတိုင်းတွင် မြန်မာပြည်သူလူထု၏ ဆင်းရဲဒုက္ခရောက်နေသော သတင်းများနှင့် ပြည့်ကျပ်နေ၏ ။ နိုင်ငံပေါင်းစုံမှ စစ်အစိုးရအား ပြစ်တင်ရှုံ့ ချခြင်းများ ပဲ့တင်ထပ်နေ၏ ။သို့သော် ထိုသတင်းများ ပဲ့တင်သံများသည် သံတံတိုင်းနောက်မှ သန်းရွှေဦးစီးသော စစ်အစိုးရအား တပြားသားမှ ရိုက်ခတ်နိုင်စွမ်းမရှိ ။ သန်း ၄၀ ကျော်သော မြန်မာလူဦးရေ သည် စစ်အစိုးရဟူသော လက်တဆုပ်စာလူတစု၏ လက်ခုတ်ထဲက ရေ ဖြစ်ရတာ ရင်နာဖွယ် ကောင်းလှသည် ။ လူဦးရေသန်းပေါင်းများစွာရှိသော ကမ္ဘာတွင်ကြီးကျယ်ထယ်ဝါသော နိုင်ငံခြားတိုင်းပြည်များသည် ဘာမဟုတ်သော စစ်အစိုးရဟူသော လက်တဆုပ်စာလူတစုအား ထိပ်တိုက်ရင်မဆိုင်နိုင်ခြင်းမှာလည်း လွန်စွာမှခါးသီးဖွယ် ကောင်းလှသည် ။ထို့ထက် ရင်နာဖွယ်ကောင်းသည်မှာ ကျွန်ုပ်သည် အထက်ပါခံစားချက်များကို ဘလောဂ့်တွင် ရေးချယုံမှတပါး ၊ အဝေးမှ ဆုတောင်းမေတ္တာပို့ခြင်း ၊ လှူဒါန်းခြင်းများ ပြုလုပ်သည်မှတပါး တခြားဘာမှမဆောင်ရွက်ပေးနိုင်ခြင်းပင် ဖြစ်ပါတော့သည် ။
ဆုံဆည်းရာတွင် ပါရှိသော သွေးနီ ၏ ရင်တွင်းဖြစ် ကို ပြန်လည်ဖော်ပြပါသည်။